Thursday, July 26, 2007

ကြယ် ကြွေ မော် ကွန်း

ကမာပုလဲ

ရဲဘော် ၀င်းကို
ရဲဘော် စိုးဝင်းသန်း
ရဲဘော် အောင်ကျော်စိုး
ရဲဘော် တူးနိုင်၊၊

မှတ်မိနေတယ်
မင်းတို့နှင့်အတူ
သူးမွဲကလိုးဘေး
တဲကလေးတလုံး
ပြုံးရင်းနားဆင်
ချောစုခင်ရဲ့
ရေခဲတုံး သီချင်း
ပဲဟင်းတခွက်...။

မှတ်မိနေတယ်
ရှေ့တန်းနယ်မြေ
မသွားခင်လေး
ကျောင်းသားတပ်မတော်
အလံတော်ရှေ့
သစ္စာအဓိဌာန်
သံပြိုင်ဟစ်ကြွေး၊၊


မှတ်မိနေတယ်
အဲဒီနေ့က
ကြေးနန်း သတင်း
တိုက်ပွဲဝင်ရင်း
ကျဆုးံ ခဲ့ရ
မင်းတို့ မျက်နှာ၊၊

ဆယ့်နှစ်ရက်
ဆယ့်တစ်လ
နှစ်ထောင်ခု
ရာစုသစ်
အမိနိုင်ငံတော်ရဲ့
သမိုင်းသစ် စာမျက်နှာပေါ်က
ရဲဘော်တို့ရဲ့
ရဲရင့်သော
သစ္စာနှင့်ယှဉ်သော
မြင့်မြတ်စွာကျဆုံးခြင်း
ငါတို့...
နှလုံးသွေးတို့ဖြင့်
ဦးညွှတ်ရေးထွင်းလိုက်ပါတယ်။

တပ်မဟာ (၇)
အပေါင်ချောင်းဖျား တိုက်ပွဲသို့

No comments:

 
/* EOT ----------------------------------------- */