မျိုးမြင့်ချို (ကျနော့်မိတ်ဆွေကြီးခင်ဗျ)
ဘုရားရေ...
အရေးကြီးပြီ ဆိုကာမှ
ပန်နယ်လ်တီတောင်
ဝင်အောင်မသွင်းနိုင်ခဲ့
အသက်နဲ့ ရင်းပြီး
ယှဉ်ရမယ့်ပွဲတိုင်းမှာ
အနိုင်ဆိုတာဘာမှန်းလည်းမသိတော့...
ဘိုလ်လီးဗီးယားလို
လမထွက်တဲ့ညတွေမှာ
သူ... ဘာကြောင့်
ငါ... သူ့ လောက်
သွေးရဲခဲ့ရင်
ဘုရားသခင်လည်းမလိုဘူး
ဆုတောင်းနေစရာအကြောင်းလည်းမရှိဘူး
ငါ့ကိုယ်ငါ
ပြောင်းလဲလိုက်ဖို့ဘဲ...။
Thursday, July 19, 2007
တွေဝေညနေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment